Monday, September 10, 2012

    ဇာတ်လေးတခုလိုပါပဲ ငါရဲ့စိတ်စေရာပြေးလွှားခဲ့မိတယ်  အများနည်းတူလှုပ်ရှားခဲ့မိတာခုတော့မှားများ
သွားခဲ့လေသလား  မနက်မိုးလင်းလင်းချင်းအပြေးအလွှား အလုပ်လုပ်ဖို့လာခဲ့မိတာပေါ့  အလုပ်ကတော့
ကားစပါယ်ရာ ယဉ်နောက်လိုက်ပေါ့ အရင်အတိုင်းပဲ အလုပ်စဆင်း ကားစထွက်တာနဲ့ ခရီးစဉ်တွေအော်နေ
ခဲ့တာပေါ့ တနေရာအရောက်ကိုယ်လိုပဲအော်သံတခုကြားမိလိုက်တယ် ဒီအသံအရမ်းရင်းနှီးနေသလိုပဲ
ဘယ်ကထွက်ပေါ်လာတယ်တော့သိလိုက်တယ် ဘယ်သူဘယ်ဝါတော့မခွဲခြားနိုင်ဘူး။ အဲဒါနဲ့ ရှေ့မှတ်တိုင်
ကနေမထွက်ပဲစောင့်ကြည့်လိုက်တယ် အရမ်းသိချင်နေတာကိုး အဲတော့မှသေသေချာချာသဲသဲကွဲကွဲ
သိလိုက်တယ် ကျောင်းတုန်းကကျောင်းနေဘက်သူငယ်ချင်းအော်နေသံပါလား  ဘာလို့သူအော်နေတာ
ပါလိမ့် ဘာကြောင့်အော်နေတာများလဲ သူ့နောက်မှာလဲလူတွေအများကြီးပါလား  ဘာတွေဖြစ်နေတာလဲ
မတွေးသင့်မှန်းသိတယ် ဘာလို့ဆိုတော့ကိုယ်ကအလုပ်လုပ်နေတယ်မိသားစုအတွက် ပေါ့ မိသားစုဆိုမှ
ပြောရအုံးမယ် မိန်းမကကျွန်တော်ထက်သုံးနှစ်ငယ်တယ် စယူတုန်းကတော့ကျောင်းသူလေးလေ
ယူပြီးလေးနှစ်ရှိပြီ ကလေးနှစ်ယောက်နဲ့ အကြီးဆုံးကမိန်းခလေး၊ယောကျာင်္းလေးကအငယ် ဆုံး အရမ်းတော့မဆင်းရဲကြပါဘူး စားနိုင်သောက်နိုင်ယုံလောက်ပါပဲ။  ကံကြမ္မာဆိုးလို့ပဲပြောရမလား  ကိုယ်
ဆုံးဖြတ်ချက်အမှားလိုပဲပြောရမလားပဲ  သူတို့တွေအော်သံတွေ ဟစ်ကြွေးသံတွေကရင်ကိုလာရိုက်ခတ်ခဲ့
တယ် ဒီင်္တော့အရေးကြီးသွေးနီးတယ်လို့ပြောရမလား သွေးဆူလွယ်တယ်ပဲပြောရမလားပဲ

No comments:

Post a Comment